Adobe

Lightroom CC မှာ Develop mode ကိုဝင်တာနဲ့ Crashes ဖြစ်တဲ့ပြဿနာ

Windows အသစ်ပြန်တင်ပြီး အတော်ကြာမှ lightroom ပြန်တင်ဖြစ်တယ် အဲ့ဒီမှာ အရင်ကပြဿနာမဖြစ်ဖူးတဲ့ Develop mode ကိုဝင်တာနဲ့ Crashes ဖြစ်ပြီး ပိတ်ပိတ်သွားတာနဲ့တွေ့နေရလို့ အတော်အာရုံစားသွားတယ် Crack သုံးနေလို့ဖြစ်နေတယ်ပဲထင်နေတာ နောက်မှ Adobe Forum ထဲဝင်ဖတ်ကြည့်မှတွေ့တာ GPU acceleration ကိုပိတ်လိုက်ရင် အဆင်ပြေသွားတာပဲ 😅😅 ကိုယ့်မှာအစကမသိတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ သိသွားတော့လဲ ဘာမှမခက်ဖူးရယ် Edit-> Preferences-> Performance tab-> box labeled "Use Graphics Processor" လေးဖြုတ်ပေးလိုက်ရင်ရသွားပြီ



No comments:

Post a Comment

Computer

Canon MF 3010 Toner ကုန်ပြီးတိုင်ပတ်တဲ့နေ့

တနေ့က Canon MF 3010 Toner ကုန်ပြီးတိုင်ပတ်သွားတယ် Toner ကိုယ်တိုင်ဖြည့်မယ်ဆိုပြီး Toner သွားဝယ်ပြီး ကိုယ်တိုင်ဖြည့်တာပေါ့ ဖြည့်ရတာလဲ လွယ်တယ် ဘာမှမခက်ဖူး ဒါပေမယ် ပြီးလို့ပြန်စမ်းကြည့်တဲ့အခါမှာ မှင်ကအရမ်းမှိန်နေတယ် Toner မှားတာလားဘာလားပေါ့ ဟိုရှာဖတ်ဒီရှာဖတ်နဲ့ဖတ်လိုက်မှ ကိုယ့်ဆရာ Canon ရဲ့ Original Cartridge မှာပါတဲ့ Drum က တရုတ် Toner ဆိုအလုပ်မလုပ်ဖူးဆိုပဲ 😂😂😂
အဲ့ဒါတဲ့ တရုတ် Cartridge တခုဝယ်ပြီးပြန်ထည့်ထားရတယ် တရုတ်  Cartridge ကတော့ တရုတ် Toner ကောင်းကောင်းအလုပ်လုပ်တယ်ဆိုပဲ ဘာပဲဖြစ်ဖြစ် ပညာရတာပေါ့လေ 😅😅😅

No comments:

Post a Comment