Browser

Google Keyboard for chrome extension

Google Keyboard ကို Chrome Browser မှာ extension အနေနဲ့ထည့်ပြီး web keyboard အနေနဲ့သုံးလို့ရပါတယ် (ရတာကြာပြီထင်ပါတယ် ဒီနေ့မှ Chrome Store မှာဝင်ကြည့်ရင်းတွေ့လို့စမ်းကြည့်မိတာ) သွင်းရတာလဲဘာမှမခက်ပါဘူး Chrome web Store မှာ google input tools ကိုရှာပြီး install လုပ်ပါ လုပ်ပြီးတာနဲ့  Chrome Browser ရဲ့ ညာဖက်အပေါ်နားမှာ ကီးဘုတ်ပုံလေးပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့ ကီးဘုတ်ပုံ‌လေးပေါ်ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ windows လေးထဲက extension option ထဲးကိုဝင်လိုက်ပါ နောက်ထပ် tap အသစ်တခုပွင့်လာပြီး ကီးဘုတ်ရွေးစရာတွေပေါ်လာပါလိမ့်မယ် အဲ့ဒီပေါ်လာတဲ့အထဲကမှ Burmese-မြန်မာဘာသာ ကိုရွေးပေးပြီးရင် မြန်မာလိုရိုက်လို့ရပါပြီ Burmese ၃ မျိုးပါပေမယ့် ခဲတံပုံလေးပြထားတာက Handwrinting ပါ နောက်ထပ် Burmese-မြန်မာဘာသာ (မြန်စံ) ကတော့ မြန်စံလက်ကွက်ပါ windows 10 မှာပါတဲ့လက်ကွက်နဲ့တူတာကတော့ Burmese-မြန်မာဘာသာ ပါ သူ့ရဲ့ကီးဘုတ်တွေက Smart Keyboard တွေပါ သဝေထိုးရှေ့ကရိုက်မှအဆင်ပြပေါတယ် မြန်မာ-အင်္ဂလိပ်ပြောင်းချင်ရင် အင်္ဂလိပ်ကီးဘုတ်ထပ်ထည့်စရာမလိုပါဘူး ကွန်ပျူတာကီးဘုတ်က Caps Lock on လိုက်ရင် အင်္ဂလိပ်လိုရိုက်လို့ရပါတယ် ဒီ Post ကို Google Keyboard extenson သုံးပြီးရေးထားတာပါ :P

Annotation 2018-12-19 230345

No comments:

Post a Comment

Computer

Myanmar3 edited

Myanmar3 font ကနောက်ပိုင်း windows and ms office မှာသိပ်အဆင်မပြေတော့ပါဘူး စာလုံးတွေကပ်တာ ထပ်တာနဲ့ သုံးရတာ အတော်လေးအဆင်မပြေဖြစ်ပါတယ် ဒါပေမယ့် အစိုးရနဲ့ အဖွဲ့အစည်းတော်တော်များများက myanmar3 font နဲ့ပဲတောင်းနေတာဆိုတော့ myanmar3 နဲ့ရေးမှအဆင်ပြေမှာပါ (ကျန်တာတွေနဲ့ရေးထားလဲ myanmar3 ရှိတဲ့စက်မှာ myanmar3 နဲ့ပြပေးတယ်ဆိုပေမယ့် layout အနေအထားတွေပြောင်းသွားနိုင်ပါတယ်) ဆိုတော့ windows and ms office အမြင့်တွေမှာသုံးနိုင်ဖို့ myanmr3 edited  version လေးပါ အသုံးလိုမယ့်သူတွေအတွက်တင်ပေးလိုက်ပါတယ်


No comments:

Post a Comment

How adding Myanmar Keyboard at windows10

windows10 တွင်မြန်မာလက်ကွက်ထည့်သွင်းနည်း


No comments:

Post a Comment

Apple

iOS Google Translate app မှာ Text to Speech ရလာ


iOS Google Translate app မှာ Text to Speech ရရှိလာပါပြီ အသုံးပြုချင်ရင် တော့ app store ကနေ နောက်ဆုံး version ကို update လုပ်လိုက်ရင်ရပါပြီ တခြားဘာသာစကားတွေလို အဆင်သိပ်မပြေသေးပေမယ့် သုံးရတာ မဆိုးလှပါဘူး








No comments:

Post a Comment

Androids

Google Keyboard New feature for Myanmar

GBoard Logo
Google Keyboard ကနေ မြန်မာလို့ အသံနဲ့ စကားပြောပြီးရိုက်ခိုင်းလို့ရနေပြီလို့သိရပါတယ် Google keyboard နောက်ဆုံး version ဒါမှမဟုတ်ရင် အချို့ သူတွေအတွက် beat version မှာအဆင်ပြေပြေနဲ့သုံးလို့ရပြီလို့သိရပါတယ် သုံချင်တယ်ဆိုရင်တော့ setting> Language and input> Gboard> voice typing> Language မှာ မြန်မာကိုရွှေးပေးပါ (primary ဖြစ်ရပါမယ် မဖြစ်ရင်မရပါ) ပြီးရင် Gboard ကိုဖွင့်တာနဲ့ အပေါ်နားက မိုက် ပုံလေးနှိပ်ပြီးသုံးလို့ရပါပြီ မိုက်ပုံလေးချက်ချင်းတက်မလာဘူးဆိုရင် စက်ကိုပိတ်ပြီးပြန်ဖွင့်ပေးလိုက်ပါ အဲ့ဒါဆိုရင်အဆင်ပြေပြေသုံးလို့ရသွားမှာဖြစ်ပါတယ်

No comments:

Post a Comment

Apple

Google app for iOS မှာ Google Lens ရ


Google app for iOS မှာ Google Lens သုံးလို့ရသွားပါပြီ နောက်ဆုံး update ကိုတင်ပြီးရင် Search bar မှာ အရင်က မိုက်ပုံလေးပဲရှိတဲ့ဘေးမှာ Google Lens ထပ်ပါလာပြီဖြစ်ပါတယ် အသုံးပြုပုံကလွယ်ပါတယ် သူ icon အပါ်နှိပ်ပြီးရင် camera access တောင်းပါလိမ့်မယ်ပေးလိုက်ပါ ပြီးရင် ကင်မရာမြင်ကွင်းတခုပွင့်လာပြီးရင် ကိုယ်သိချင်တဲ့ ပုံ၊ ပန်း၊ စာ (မြန်မာစာတော့ သိပ်အဆင်မပြေသေး Photo app မှာပါတဲ့ Google Lens app က မြန်မာစာအတွက်ပိုအဆင်ပြေတယ်) တွေကိုကင်မရာနဲ့ချိန်လိုက်ရင်ရပါပြီ Google I/O မှာပြောသွားတဲ့ feature တွေအတော်များများရသွားတာပါ ဒီမှာ မှာကြည့်လို့ရပါတယ်





No comments:

Post a Comment

Androids

Google Map Navigation မှာ မြန်မာလိုရ


Google Map Navigation မှာ မြန်မာလိုလမ်းညွှန်ချက်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ် မြန်မာလိုလမ်းညွှန်ချက်ကိုသုံးဖို့အတွက် app setting or Phone system ကို မြန်မာဘာသာပြောင်းထားဖို့လိုအပ်ပါတယ်
နောက်ထပ်ထူးခြားချက်တခုကတော့ android google map app မှာ ဆိုင်ကယ်အတွက်ပါ ရွှေးလို့ရလာပါပြီ iOS ကတော့ အရင်လိုပါပဲ နောက်မှရမယ့်သဘေားမှရှိတယ် web version မှာလဲပါတော့မပါသေးပါဘူး








No comments:

Post a Comment