Features

Google Calendar မှာ မြန်မာရုံးပိတ်ရက်များ တရားဝင်ပါလာ ......

Google Calendar မှာ မြန်မာရုံးပိတ်ရက်များ တရားဝင်ပါလာပြီဖြစ်ပါတယ် ဘယ်အချိန်ကစပါလာတာလဲတော့ ကျနော်လဲမသိပါဘူး ဒီနေ့မှ ပြက္ခဒိန်ထဲ ဟိုကြည့်ဒီကြည့်လုပ်ရင်း တွေ့မိတာပါ mobile app ကနေတော့ ထည့်လို့မရသေးပါဘူး( iOS မှာမို့ မရတာလားတော့မသိ Android သမားများ စမ်းကြည့်ကြကုန်) web ကနေပဲ ထည့်လို့ရမှာပါ။ ထည့်ရမယ့်နည်းလမ်းကတော့ calendar ရဲ့ Setting Menu ထဲက Setting > add calendar > Browse calendars of interest > Regional Holidays ထဲကနေ ကိုယ်ထည့်ချင်တဲ့ နိုင်ငံရဲ့ အားလပ်ရက်တွေကို ကလစ်နှိပ်ပြီး ထည့်လို့ရပါတယ် အခုကတော့ မြန်မာရုံးပိတ်ရက်တွေထည့်မှာဖြစ်တဲ့အတွက် Holidays in Myanmar ကိုရှာပြီးထည့်လိုက်ပါဗျာ ...




No comments:

Post a Comment

Androids

Google photo for iOS update

Google photo for iOS အနေနဲ့ i/o 2018 မှာအသစ်ပြထားတဲ့ feature တချို့ကို ဒီနေ့ update မှာပေါင်းထည့်ပေးသွားပါပြီ update လုပ်ပြီး စမ်းကြပါကုန် 😁😁



No comments:

Post a Comment

Browser

MUA extension for: Microsoft Edge

Microsoft Edge သုံးစွဲးသူတွေအနေနဲ့ mua extension ကို Microsoft store မှာ တရာဝင်ဒေါင်းလုပ်ဆွဲးနိုင်ပါပြီ ... edge အတွက် extension ကိုတော့ ကိုဝင်းလွင်မိုးက ပြုလုပ်ပေးထားတာဖြစ်ပါတယ်.... စမ်းသုံးချင်တဲသူတွေ ... ဒါမှမဟုတ် edge ပဲကြိုက်ပြီး ၂ မျိုးလုံးမမြင်လို့တိုင်ပတ်နေတဲ့ မိတ်ဆွေတွေ အတွက် ဒီမှာ သွားပြီး ဒေါင်လုပ်ဆွဲးနိုင်ပါတယ် ..







အခုလို Microsoft Edge မှာပါ MUA Extension ရလာတဲ့အတွက် MUA Extension and Add on က အသုံးများတဲ့ Browser အတော်များများမှာရရှိနေပါပြီ

No comments:

Post a Comment

စာပေ

မြန်မာသရများ၊ မြန်မာသဒ္ဒါနှင့် မြန်မာသင်ပုန်းကြီး

ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးမှာပါဗျ။ ဘာသာစာပေတစ်ခုဆိုတာနဲ့ ဗျည်းနဲ့ သရရယ်လို့ ၂ မျိုးရှိတာ သိထားကြပြီးသားပါ။ အင်္ဂလိပ်စာမှာတော့ ရိုးရှင်းတယ် ဗျည်း သရတွေဟာ ရှေ့နောက်စဉ်ထားတယ်လေ။ မြန်မာမှာတော့ နည်းနည်းရှုပ်သဗျ။ သရကို သင်္ကေတအနေနဲ့ ဗျည်းကို သွားပေါင်းရတယ်။ Complex script လို့ခေါ်တာပေါ့။ အားတော့မငယ်နဲ့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး ဒေဝနာဂရီ အပါအဝင် အိန္ဒိယ၊ အာရှ အက္ခရာတွေမှာ complex script တွေ အများကြီးပဲ။ အခုတော့ မြန်မာ အကြောင်းပဲ ပြောကြတာပ။

မြန်မာသရကို ၁၁ လုံးရှိတယ်လို့ ပညာရှိတွေဆိုကြတယ်။ (၁၂ လုံးရှိတယ်လို့ သိထားကြတာလဲ ရှိမှာပါ။ ဆက်ဖတ်ရင် ရှင်းသွားမှာပါ)

"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ရယ်လို့ သရ ၁၁ လုံးပါတယ်။ မြန်မာ သရတွေမှာ လုံးချင်းသရ ဗျည်းယှဉ်သရလို့ ရေးနည်း ၂ မျိုးရှိတာလဲ သိကြမှာပါ။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ ဆိုတဲ့ သရ (၇) လုံးဟာ ဗျည်းနဲ့ ယှဉ်တွဲရင် ( ိ၊ ီ၊ ု၊ ူ၊ ေ၊ ော၊ ော် ) ဆိုပြီး သင်္ကေတအနေနဲ့ ရေးရတယ်။


'အ' သရဟာ အလွန်အင်မတန် ရှုပ်ထွေးပွေလီတဲ့ သရပါ။ ဒီလိုဗျ အ သရဟာ ဗျည်းတွေနဲ့ပေါင်းရင် မမြင်ရဘဲ ပျောက်နေတယ်ဗျ။ က ဆိုတာနဲ့ 'က'ဗျည်းနဲ့ 'အ'သရ ပေါင်းထားတာဖြစ်တယ်။ ဗျည်း ၃၂ လုံးစလုံးမှာ 'အ' သရပေါင်းစပ်ထားပြီးသာလို့သာ မှတ်ရမယ်။ က၊ခ၊ဂ၊ဃ၊င စတာတွေပေါ့။ ဒါဆို သရမပါဘဲ ဗျည်းသက်သက်ဆိုရင် ဘယ်လိုလုပ်မလဲ။ Virama ဝိရာမ လို့ခေါ်တဲ့ အသတ်လေး ထည့်ပေးရုံပဲ။ က်+အ>က ပေါ့ဗျာ။ ခ်+အ>ခ စသည်ဖြင့်ပေါ့။ ဒီလို 'အ' သရဟာ ဗျည်းထဲမှာ တိမ်မြုပ်နေတဲ့အတွက် နားလည်ရခက်ပါတယ်။ အင်္ဂလိပ်လိုဆိုရှင်းတယ်။ K ဆို ဗျည်း သက်သက်ပဲ Ka ဆိုမှ က လို့ အသံထွက်မယ်။ ရှင်းရှင်းလေး။

အာ
အာသရဟာ အ ရဲ့အသံရှည်ဆိုရင်လဲဟုတ်ပါတယ်။ အာသရအတွက် ရေးချ 'ာ' ဆိုတဲ့ သင်္ကေတကို ထွင်ထားပါတယ်။ ဗျည်းနောက်မှာ ရေးချထည့်လိုက်တာပါ။ ကာ၊ ခါ၊ ဂါ စတာပေါ့။ က်+အာ>ကာခ်+အာ>ခါ လို့ ဗျည်နဲ့ သရ သက်သက်ခွဲကြည့်ရင် မြင်သာပါတယ်။


ဣ သရရဲ့ သင်္ကေတကတော လုံးကြီးတင်ပါ။ ကိ၊ ခိ ပေါ့။ က်+ဣ>ကိ၊ ခ်+ဣ>ခိ လို့ ဗျည်းနဲ့သရ သက်သက်ခွဲကြည့်လို့ရပါတယ်။


ဤ သရရဲ့ သင်္ကေတကတော့ လုံးကြီးတင်ဆံခပ်ပါ။ ကီ၊ ခီ စတာပေါ့။ က+ဤ>ကီ၊ ခ+ဤ>ခီ လို့ဆိုရင် မြင်သာပါပါ။ က်၊ ခ် ဆိုပြီး အသတ်ထည့်ပြတာကတော့ ဗျည်းသက်သက်ဖြစ်ကြောင်း ပြချင်လို့ပါ။

ဥ၊ဦ
ဥ၊ ဦ ရဲ့ သင်္ကေတကတော့ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင်ပါ။ က်+ဥ>ကု၊ ခ်+ဥ>ခုက်+ဦ>ကူ၊ ခ်+ဦ>ခူ


လာပါပြီ ပြဿနာပေးတဲ့သရတစ်ခု။ 'ဧ' သရကို သင်္ကေတ သဝေထိုးနဲ့ ပြပါတယ်။ ဗျည်းနဲ့ သရပေါင်းရင် ဗျည်းပြီးမှ သရလာရပါတယ်။ ' ေ' ကတော့ ဗျည်းရှေ့ရောက်နေတော့ မျက်စိလည်ကုန်ပါတယ်။ ဒါမျိုးကို prevowel လို့ခေါ်ပါတယ်။ မြန်မာအက္ခရာတွေနဲ့ အမျိုးတော်တဲ့ အိန္ဒိယ အက္ခရာတွေမှာ ဒီလိုအက္ခရာမျိုး ရှိပါတယ်။  ဥပမာ - ကေ သံကိုရချင်ရင် ကအေ>ကေ လို့ အသံထွက်လို့ရပါတယ်။ သရအရင်လာလို့သာ အေကဆိုရင် ကေ လို့ အသံမထွက်တော့ပါဘူး။

က အ>က။ က အာ>ကာ။
က အိ>ကိ။ က အီ>ကီ။
က အု>ကု။ က အူ>ကူ။
က အေ>ကေ။ က အဲ>ကဲ။
က အော>ကော။ က အော်>ကော်။က အို>ကို။ အသံထွက်ရွတ်ကြည့်ရင် ဗျည်းနောက်က သရရှိတာပဲ သတိပြုမိမှာပါ။

အဲ
သင်္ကေတကတော့ နောက်ပစ်ပေါ့။ 'ဧဲ' လို့ လုံးချင်းသရရေးတာလဲ ရှိပါတယ်။ က်+အဲ>ကဲ၊ ခ်+အဲ>ခဲ၊ က အဲ>ကဲ၊ ခ အဲ> ခဲ လို့ အသံထွက်ရွတ်ကြည့်ပေါ့။


ဩ သရကို သင်္ကေတ အနေနဲ့ သဝေထိုးနဲ့ ရေးချ ပေါင်းပြရတယ်။ အော ပေါ့ဗျာ။ ဒီနေရာမှာ မျက်စိလည်စရာက ' ေ' က 'ဧ' ရဲ့ သင်္ကေတ၊ 'ာ' က အာ ရဲ့ သင်္ကေတ။ ဒါကြောင့် အော ဆိုတာ အေ နဲ့ အာ ပေါင်းထားတာဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ အေ အာ၊ အေ အာ လို့ရွတ်ကြည့်ပါ အော ဆိုတာနဲ့ နီးစပ်တဲ့အသံတောင် ထွက်မလာတာတွေမှာပါ။ ဆိုလိုတာက ရဲ့ သင်္ကေတကိုက ော ပါ။ အမြင်အတိုင်း ဆုံးဖြတ်လို့ မရပါဘူး။


ဪ ဆိုတာလဲ သဝေထိုး ရေးချ ရှေ့ထိုး ၃ ခုပေါင်းထားတာပါ။ ရဲ့ သင်္ကေတကိုက ော် ပဲဆိုတာ မှတ်ထားဖိုလိုပါတယ်။

အို
အိုကတော လုံးကြီးတင် တစ်ချောင်းငင်ပါ။ ို ထုံးစံအတိုင်း အိ နဲ့ အု ပေါင်းပြီး အို ထွက်လာတာမဟုတ်ပါဘူး။ လက်တွေရွတ်ကြည့်ပါ။ မြန်မာစာမှာ အမြင်အတိုင်း ဆုံးဖြတ်လို့မရဘူး ဆိုတာလေး သိစေချင်လို့ပါ။

မြန်မာသင်ပုန်းကြီး
...............................
မြန်မာသင်ပုန်းကြီးကတော့ မြန်မာလူမျိုးတိုင်း လေ့လာသင်ယူခဲ့ရတဲ့ ကျမ်းစာပါ။ မြန်မာသင်ပုန်းကြီးကို ၁၃ ရာစုအလယ်လောက်မှာ ဦးကျဉ်ပွေ့လို့ခေါ်တဲ့ ရှင်ဒိသာပါမောက္ခ ဆရာတော်က ကျစွာမင်းရဲ့ တောင်းပန်မှာကြောင့် ရေးသားခဲ့ပါတယ်။

သင်ပုန်းကြီးမှာ သင်ရိုးသရ ၁၂ လုံးနဲ့ သင်ရိုးဗျည်း ၃၃ သုံးလို့ပါပါတယ်။

အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊အဲ၊ဩ၊ဪ၊အံ၊အား ဆိုပြီး သင်ရိုးသရ ၁၂ လို့ပြပါတယ်။ ကျွန်တော်တို့ တော်တော်များများလဲ သရဟေ့ဆိုရင် ဒီ ၁၂ လုံးရွတ်မိတာများပါတယ်။

ပါဠိမှာ သေးသေးတင် ကို ဗျည်းလို့ အတိအလင်းပြဆိုပါတယ်။ သက္ကတမှာ သေးသေးတင် နဲ့ ဝသဇ္ဇနီ ကို ဗျည်းလို့ပဲ ပြပါတယ်။ သင်ပုန်းကြီးမှာ ဘာလို့ သရထဲပါနေတာလဲ???

သတိပြုစရာက သင်ရိုးသရ ဆိုတဲ့ စကားပါ။ သင်ပုန်းကြီးဆိုတာ လေးငါးနှစ်အရွယ်ကလေးတွေ သင်ယူဖို့ပြုစုထားတဲ့ကျမ်းပါ။ ဒီအရွယ်ကလေးတွေကို ဗျည်း၊ သရတွေ အကြောင်း အသေးစိပ်သွားသင်ရင် ရူးသွာနိုင်လောက်တယ်။ ဒါကြောင့်ပဲ စာလုံးပေါင်းရေးရင် အဆင်ပြေအောင် သင်ရလွယ်အောင်ပဲ လုပ်ခဲ့တဲ့သဘောပါ။ သဝေထိုး၊ ရေးချ စတဲ့ သင်္ကေတတွေကိုလဲ ရှင်းမပြဘဲ စာလုံးပေါင်းရေးဖတ်ပဲ သင်ခဲ့ ကြရပါတယ်။ နောင် အရွယ်ရောက်လာတာနဲ့ အမျှ ဗျည်း၊ သရတွေအကြောင်း အသေးစိတ် သင်ပေးမယ့် သဘောပါပဲ။ ရှေးမြန်မာတွေဟာ ပါဠိစာပေကိုလဲ သင်ယူခဲ့ကြတော့ ဒီအကြောင်းအရာတွေကို သိကြမှာ သေချာပါတယ်။

ဒီဘက်ခေတ်ရောက်လာတာနဲ့ သင်ကြားမှုပုံစံတွေ ပြောင်းလာပြီး မြန်မာသဒ္ဒါကို အသေးစိတ် သင်ကြားမှု နည်းလာပါတယ်။ အလွတ်ကျက်ကိုအားထားတဲ့စနစ်နဲ့ မြန်မာစာပေကို အထင်မြင်သေးလာတဲ့ မိဘတွေရဲ့ အတွေးအခေါ်တွေလဲ ပါပါလိမ့်မယ်။ ဒါကြောင့် မြန်မာစာပေရဲ့ အခြေခံအချက်အလက်တွေကို သတိထားမိသူ နည်းလာတာပါ။

ပြောချင်တာက အခုမှာရောက်တယ်။ 😁 မြန်မာစာကို ကွန်ပျူတာစနစ်မှာ အသုံးပြုနိုင်အောင် ကြိုးစားကြတော့ ယူနီကုဒ်စံဆိုတာ ပေါ်လာပါတယ်။ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျည်းနောက်မှာထား သိမ်းပါတယ်။ ဒါကို တစ်ချို့က မြန်မာရေးထုံးနဲ့မညီဘူး ပြောလာကြတယ်။ သဒ္ဒဗေဒစည်းမျည်း မြန်မာသဒ္ဒါစည်းမျည်းတွေအရ သရဟာ ဗျည်းနောက်မှာသာ နေရပါတယ်။ သဝေထိုးဟာလဲ သရဖြစ်လို့ ဗျည်းနောက်မှာ နေတာသာ အမှန်ဆုံးဖြစ်ပါတယ်။ သင်ပုန်းကြီးမှာ ဆိုရေးခဲ့တဲ့အတိုင်း သဝေထိုးရှေ့ကရိုက်ချင်ရင်လဲ ကီးဘုတ်တွေ ထွင်ထားကြပါတယ်။ အဓိကကတော့ သိမ်းတဲ့နေရာမှာ တူညီတဲ့စံနဲ့ သိမ်းဖို့ပါပဲ။

မြန်မာစာပေတိုးတက်ပါစေ။
Ye Zarni Aung

No comments:

Post a Comment

Computer

Fix NHM writer error in window10

windows 10 မှာ NHM writer သုံးရင် Shift Key မမိတာ မိတဲ့အချိန်မှမိတာ အရမ်းနှိပ်မှမိတာ အဲ့ပြသနာတွေ NHM 2.9 မှာအဆင်ပြေသွားပါပြီ NHM writer2.9 မှာ Myanmar Language တော့မပါဘူး Install လုပ်ရင် ရှိတဲ့ Language ရွေးပြီးမှ NHM setting မှာMM keymap ပြန်ထည့်ပေးရင် အဆင်ပြေပါပြီ။ MM language ကို NHM အဟောင်းရဲ့ data ထဲမှာယူလို့ရပါတယ်။ စမ်းကြည့်တော့ယူလို့မရတော့ပါဘူး အရင်သွင်းထားတဲ့သူမှယူလို့ရမှာပါ အခုမှသွင်းတဲ့သူဆိုရင်တော့ အောက်ဆုံးက map file လေးကို ဒေါင်းပြီးသွင်းပေးပါ

NHM writer 2.9

NHM writer 2.0

NHM writer 1.5.1.1

Myanmar Keymap file

credit ~ Ko Nyi Win Myat

1 comment:

Post a Comment

Keyboards

Windows10 မြန်မာကီးဘုတ် update

windows10 နောက်ဆုံး update ဖြစ်တဲ့ version 1803 မှာ မြန်မာကီးဘုတ် ၂ ခုပါလာပြီး တခုကတော့ အရင်အဟောင်းဖြစ်ပြီး တခုကတော့ အသစ်ဖြစ်ပါတယ် .... အသစ်မှာ သဝေထိုးကိုရှေ့ကရိုက်လို့ရပြီး smart keyboard ဖြစ်သွားပါပြီ ချို့ယွင့်ချက်အနည်းငယ်ရှိတယ်လို့တော့ စမ်းသုံးပြီးတဲ့သူတွေကပြောကြပါတယ် .... စမ်းသုံးချင်ရင်တော့ windows update လုပ်ရမှာပါ wifi ကနေတိုက်ရိုက် update လုပ်လို့ရသလို windows iso file download လုပ်ပြီး update လုပ်လို့ရပါတယ်

No comments:

Post a Comment