Browser

Google Keyboard for chrome extension

Google Keyboard ကို Chrome Browser မှာ extension အနေနဲ့ထည့်ပြီး web keyboard အနေနဲ့သုံးလို့ရပါတယ် (ရတာကြာပြီထင်ပါတယ် ဒီနေ့မှ Chrome Store မှာဝင်ကြည့်ရင်းတွေ့လို့စမ်းကြည့်မိတာ) သွင်းရတာလဲဘာမှမခက်ပါဘူး Chrome web Store မှာ google input tools ကိုရှာပြီး install လုပ်ပါ လုပ်ပြီးတာနဲ့  Chrome Browser ရဲ့ ညာဖက်အပေါ်နားမှာ ကီးဘုတ်ပုံလေးပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့ ကီးဘုတ်ပုံ‌လေးပေါ်ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ windows လေးထဲက extension option ထဲးကိုဝင်လိုက်ပါ နောက်ထပ် tap အသစ်တခုပွင့်လာပြီး ကီးဘုတ်ရွေးစရာတွေပေါ်လာပါလိမ့်မယ် အဲ့ဒီပေါ်လာတဲ့အထဲကမှ Burmese-မြန်မာဘာသာ ကိုရွေးပေးပြီးရင် မြန်မာလိုရိုက်လို့ရပါပြီ Burmese ၃ မျိုးပါပေမယ့် ခဲတံပုံလေးပြထားတာက Handwrinting ပါ နောက်ထပ် Burmese-မြန်မာဘာသာ (မြန်စံ) ကတော့ မြန်စံလက်ကွက်ပါ windows 10 မှာပါတဲ့လက်ကွက်နဲ့တူတာကတော့ Burmese-မြန်မာဘာသာ ပါ သူ့ရဲ့ကီးဘုတ်တွေက Smart Keyboard တွေပါ သဝေထိုးရှေ့ကရိုက်မှအဆင်ပြပေါတယ် မြန်မာ-အင်္ဂလိပ်ပြောင်းချင်ရင် အင်္ဂလိပ်ကီးဘုတ်ထပ်ထည့်စရာမလိုပါဘူး ကွန်ပျူတာကီးဘုတ်က Caps Lock on လိုက်ရင် အင်္ဂလိပ်လိုရိုက်လို့ရပါတယ် ဒီ Post ကို Google Keyboard extenson သုံးပြီးရေးထားတာပါ :P

Annotation 2018-12-19 230345

No comments:

Post a Comment

Computer

Myanmar3 edited

Myanmar3 font ကနောက်ပိုင်း windows and ms office မှာသိပ်အဆင်မပြေတော့ပါဘူး စာလုံးတွေကပ်တာ ထပ်တာနဲ့ သုံးရတာ အတော်လေးအဆင်မပြေဖြစ်ပါတယ် ဒါပေမယ့် အစိုးရနဲ့ အဖွဲ့အစည်းတော်တော်များများက myanmar3 font နဲ့ပဲတောင်းနေတာဆိုတော့ myanmar3 နဲ့ရေးမှအဆင်ပြေမှာပါ (ကျန်တာတွေနဲ့ရေးထားလဲ myanmar3 ရှိတဲ့စက်မှာ myanmar3 နဲ့ပြပေးတယ်ဆိုပေမယ့် layout အနေအထားတွေပြောင်းသွားနိုင်ပါတယ်) ဆိုတော့ windows and ms office အမြင့်တွေမှာသုံးနိုင်ဖို့ myanmr3 edited  version လေးပါ အသုံးလိုမယ့်သူတွေအတွက်တင်ပေးလိုက်ပါတယ်


No comments:

Post a Comment

How adding Myanmar Keyboard at windows10

windows10 တွင်မြန်မာလက်ကွက်ထည့်သွင်းနည်း


No comments:

Post a Comment

Apple

iOS Google Translate app မှာ Text to Speech ရလာ


iOS Google Translate app မှာ Text to Speech ရရှိလာပါပြီ အသုံးပြုချင်ရင် တော့ app store ကနေ နောက်ဆုံး version ကို update လုပ်လိုက်ရင်ရပါပြီ တခြားဘာသာစကားတွေလို အဆင်သိပ်မပြေသေးပေမယ့် သုံးရတာ မဆိုးလှပါဘူး








No comments:

Post a Comment

Androids

Google Keyboard New feature for Myanmar

GBoard Logo
Google Keyboard ကနေ မြန်မာလို့ အသံနဲ့ စကားပြောပြီးရိုက်ခိုင်းလို့ရနေပြီလို့သိရပါတယ် Google keyboard နောက်ဆုံး version ဒါမှမဟုတ်ရင် အချို့ သူတွေအတွက် beat version မှာအဆင်ပြေပြေနဲ့သုံးလို့ရပြီလို့သိရပါတယ် သုံချင်တယ်ဆိုရင်တော့ setting> Language and input> Gboard> voice typing> Language မှာ မြန်မာကိုရွှေးပေးပါ (primary ဖြစ်ရပါမယ် မဖြစ်ရင်မရပါ) ပြီးရင် Gboard ကိုဖွင့်တာနဲ့ အပေါ်နားက မိုက် ပုံလေးနှိပ်ပြီးသုံးလို့ရပါပြီ မိုက်ပုံလေးချက်ချင်းတက်မလာဘူးဆိုရင် စက်ကိုပိတ်ပြီးပြန်ဖွင့်ပေးလိုက်ပါ အဲ့ဒါဆိုရင်အဆင်ပြေပြေသုံးလို့ရသွားမှာဖြစ်ပါတယ်

No comments:

Post a Comment

Apple

Google app for iOS မှာ Google Lens ရ


Google app for iOS မှာ Google Lens သုံးလို့ရသွားပါပြီ နောက်ဆုံး update ကိုတင်ပြီးရင် Search bar မှာ အရင်က မိုက်ပုံလေးပဲရှိတဲ့ဘေးမှာ Google Lens ထပ်ပါလာပြီဖြစ်ပါတယ် အသုံးပြုပုံကလွယ်ပါတယ် သူ icon အပါ်နှိပ်ပြီးရင် camera access တောင်းပါလိမ့်မယ်ပေးလိုက်ပါ ပြီးရင် ကင်မရာမြင်ကွင်းတခုပွင့်လာပြီးရင် ကိုယ်သိချင်တဲ့ ပုံ၊ ပန်း၊ စာ (မြန်မာစာတော့ သိပ်အဆင်မပြေသေး Photo app မှာပါတဲ့ Google Lens app က မြန်မာစာအတွက်ပိုအဆင်ပြေတယ်) တွေကိုကင်မရာနဲ့ချိန်လိုက်ရင်ရပါပြီ Google I/O မှာပြောသွားတဲ့ feature တွေအတော်များများရသွားတာပါ ဒီမှာ မှာကြည့်လို့ရပါတယ်





No comments:

Post a Comment

Androids

Google Map Navigation မှာ မြန်မာလိုရ


Google Map Navigation မှာ မြန်မာလိုလမ်းညွှန်ချက်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ် မြန်မာလိုလမ်းညွှန်ချက်ကိုသုံးဖို့အတွက် app setting or Phone system ကို မြန်မာဘာသာပြောင်းထားဖို့လိုအပ်ပါတယ်
နောက်ထပ်ထူးခြားချက်တခုကတော့ android google map app မှာ ဆိုင်ကယ်အတွက်ပါ ရွှေးလို့ရလာပါပြီ iOS ကတော့ အရင်လိုပါပဲ နောက်မှရမယ့်သဘေားမှရှိတယ် web version မှာလဲပါတော့မပါသေးပါဘူး








No comments:

Post a Comment

Computer

windows10 October update

windows10 October update မှာ မြန်မာတွေအတွက်ကတော့ visual keyboard ကောင်းကောင်းအလုပ်လုပ်သွားပါပြီ 😁

Dark mode မှာလဲ all dark ပေးသွားတယ်

snapping ကိုလဲ အသစ်လုပ်ပေးထားတာက အတော်လေး အဆင်ပြေတယ်

wifi မိနေရင်တော့ phone နဲ့ (android or ios) ကွန်ပျူတာ ချိတ်လို့ရပြီး (အရင်ကလဲရပေမယ့်) အတော်အဆင်ပြေသွားတယ်

No comments:

Post a Comment

Features

Google Calendar မှာ မြန်မာရုံးပိတ်ရက်များ တရားဝင်ပါလာ ......

Google Calendar မှာ မြန်မာရုံးပိတ်ရက်များ တရားဝင်ပါလာပြီဖြစ်ပါတယ် ဘယ်အချိန်ကစပါလာတာလဲတော့ ကျနော်လဲမသိပါဘူး ဒီနေ့မှ ပြက္ခဒိန်ထဲ ဟိုကြည့်ဒီကြည့်လုပ်ရင်း တွေ့မိတာပါ mobile app ကနေတော့ ထည့်လို့မရသေးပါဘူး( iOS မှာမို့ မရတာလားတော့မသိ Android သမားများ စမ်းကြည့်ကြကုန်) web ကနေပဲ ထည့်လို့ရမှာပါ။ ထည့်ရမယ့်နည်းလမ်းကတော့ calendar ရဲ့ Setting Menu ထဲက Setting > add calendar > Browse calendars of interest > Regional Holidays ထဲကနေ ကိုယ်ထည့်ချင်တဲ့ နိုင်ငံရဲ့ အားလပ်ရက်တွေကို ကလစ်နှိပ်ပြီး ထည့်လို့ရပါတယ် အခုကတော့ မြန်မာရုံးပိတ်ရက်တွေထည့်မှာဖြစ်တဲ့အတွက် Holidays in Myanmar ကိုရှာပြီးထည့်လိုက်ပါဗျာ ...




No comments:

Post a Comment

Androids

Google photo for iOS update

Google photo for iOS အနေနဲ့ i/o 2018 မှာအသစ်ပြထားတဲ့ feature တချို့ကို ဒီနေ့ update မှာပေါင်းထည့်ပေးသွားပါပြီ update လုပ်ပြီး စမ်းကြပါကုန် 😁😁



No comments:

Post a Comment

Browser

MUA extension for: Microsoft Edge

Microsoft Edge သုံးစွဲးသူတွေအနေနဲ့ mua extension ကို Microsoft store မှာ တရာဝင်ဒေါင်းလုပ်ဆွဲးနိုင်ပါပြီ ... edge အတွက် extension ကိုတော့ ကိုဝင်းလွင်မိုးက ပြုလုပ်ပေးထားတာဖြစ်ပါတယ်.... စမ်းသုံးချင်တဲသူတွေ ... ဒါမှမဟုတ် edge ပဲကြိုက်ပြီး ၂ မျိုးလုံးမမြင်လို့တိုင်ပတ်နေတဲ့ မိတ်ဆွေတွေ အတွက် ဒီမှာ သွားပြီး ဒေါင်လုပ်ဆွဲးနိုင်ပါတယ် ..







အခုလို Microsoft Edge မှာပါ MUA Extension ရလာတဲ့အတွက် MUA Extension and Add on က အသုံးများတဲ့ Browser အတော်များများမှာရရှိနေပါပြီ

No comments:

Post a Comment

စာပေ

မြန်မာသရများ၊ မြန်မာသဒ္ဒါနှင့် မြန်မာသင်ပုန်းကြီး

ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးမှာပါဗျ။ ဘာသာစာပေတစ်ခုဆိုတာနဲ့ ဗျည်းနဲ့ သရရယ်လို့ ၂ မျိုးရှိတာ သိထားကြပြီးသားပါ။ အင်္ဂလိပ်စာမှာတော့ ရိုးရှင်းတယ် ဗျည်း သရတွေဟာ ရှေ့နောက်စဉ်ထားတယ်လေ။ မြန်မာမှာတော့ နည်းနည်းရှုပ်သဗျ။ သရကို သင်္ကေတအနေနဲ့ ဗျည်းကို သွားပေါင်းရတယ်။ Complex script လို့ခေါ်တာပေါ့။ အားတော့မငယ်နဲ့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး ဒေဝနာဂရီ အပါအဝင် အိန္ဒိယ၊ အာရှ အက္ခရာတွေမှာ complex script တွေ အများကြီးပဲ။ အခုတော့ မြန်မာ အကြောင်းပဲ ပြောကြတာပ။

မြန်မာသရကို ၁၁ လုံးရှိတယ်လို့ ပညာရှိတွေဆိုကြတယ်။ (၁၂ လုံးရှိတယ်လို့ သိထားကြတာလဲ ရှိမှာပါ။ ဆက်ဖတ်ရင် ရှင်းသွားမှာပါ)

"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ရယ်လို့ သရ ၁၁ လုံးပါတယ်။ မြန်မာ သရတွေမှာ လုံးချင်းသရ ဗျည်းယှဉ်သရလို့ ရေးနည်း ၂ မျိုးရှိတာလဲ သိကြမှာပါ။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ ဆိုတဲ့ သရ (၇) လုံးဟာ ဗျည်းနဲ့ ယှဉ်တွဲရင် ( ိ၊ ီ၊ ု၊ ူ၊ ေ၊ ော၊ ော် ) ဆိုပြီး သင်္ကေတအနေနဲ့ ရေးရတယ်။


'အ' သရဟာ အလွန်အင်မတန် ရှုပ်ထွေးပွေလီတဲ့ သရပါ။ ဒီလိုဗျ အ သရဟာ ဗျည်းတွေနဲ့ပေါင်းရင် မမြင်ရဘဲ ပျောက်နေတယ်ဗျ။ က ဆိုတာနဲ့ 'က'ဗျည်းနဲ့ 'အ'သရ ပေါင်းထားတာဖြစ်တယ်။ ဗျည်း ၃၂ လုံးစလုံးမှာ 'အ' သရပေါင်းစပ်ထားပြီးသာလို့သာ မှတ်ရမယ်။ က၊ခ၊ဂ၊ဃ၊င စတာတွေပေါ့။ ဒါဆို သရမပါဘဲ ဗျည်းသက်သက်ဆိုရင် ဘယ်လိုလုပ်မလဲ။ Virama ဝိရာမ လို့ခေါ်တဲ့ အသတ်လေး ထည့်ပေးရုံပဲ။ က်+အ>က ပေါ့ဗျာ။ ခ်+အ>ခ စသည်ဖြင့်ပေါ့။ ဒီလို 'အ' သရဟာ ဗျည်းထဲမှာ တိမ်မြုပ်နေတဲ့အတွက် နားလည်ရခက်ပါတယ်။ အင်္ဂလိပ်လိုဆိုရှင်းတယ်။ K ဆို ဗျည်း သက်သက်ပဲ Ka ဆိုမှ က လို့ အသံထွက်မယ်။ ရှင်းရှင်းလေး။

အာ
အာသရဟာ အ ရဲ့အသံရှည်ဆိုရင်လဲဟုတ်ပါတယ်။ အာသရအတွက် ရေးချ 'ာ' ဆိုတဲ့ သင်္ကေတကို ထွင်ထားပါတယ်။ ဗျည်းနောက်မှာ ရေးချထည့်လိုက်တာပါ။ ကာ၊ ခါ၊ ဂါ စတာပေါ့။ က်+အာ>ကာခ်+အာ>ခါ လို့ ဗျည်နဲ့ သရ သက်သက်ခွဲကြည့်ရင် မြင်သာပါတယ်။


ဣ သရရဲ့ သင်္ကေတကတော လုံးကြီးတင်ပါ။ ကိ၊ ခိ ပေါ့။ က်+ဣ>ကိ၊ ခ်+ဣ>ခိ လို့ ဗျည်းနဲ့သရ သက်သက်ခွဲကြည့်လို့ရပါတယ်။


ဤ သရရဲ့ သင်္ကေတကတော့ လုံးကြီးတင်ဆံခပ်ပါ။ ကီ၊ ခီ စတာပေါ့။ က+ဤ>ကီ၊ ခ+ဤ>ခီ လို့ဆိုရင် မြင်သာပါပါ။ က်၊ ခ် ဆိုပြီး အသတ်ထည့်ပြတာကတော့ ဗျည်းသက်သက်ဖြစ်ကြောင်း ပြချင်လို့ပါ။

ဥ၊ဦ
ဥ၊ ဦ ရဲ့ သင်္ကေတကတော့ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင်ပါ။ က်+ဥ>ကု၊ ခ်+ဥ>ခုက်+ဦ>ကူ၊ ခ်+ဦ>ခူ


လာပါပြီ ပြဿနာပေးတဲ့သရတစ်ခု။ 'ဧ' သရကို သင်္ကေတ သဝေထိုးနဲ့ ပြပါတယ်။ ဗျည်းနဲ့ သရပေါင်းရင် ဗျည်းပြီးမှ သရလာရပါတယ်။ ' ေ' ကတော့ ဗျည်းရှေ့ရောက်နေတော့ မျက်စိလည်ကုန်ပါတယ်။ ဒါမျိုးကို prevowel လို့ခေါ်ပါတယ်။ မြန်မာအက္ခရာတွေနဲ့ အမျိုးတော်တဲ့ အိန္ဒိယ အက္ခရာတွေမှာ ဒီလိုအက္ခရာမျိုး ရှိပါတယ်။  ဥပမာ - ကေ သံကိုရချင်ရင် ကအေ>ကေ လို့ အသံထွက်လို့ရပါတယ်။ သရအရင်လာလို့သာ အေကဆိုရင် ကေ လို့ အသံမထွက်တော့ပါဘူး။

က အ>က။ က အာ>ကာ။
က အိ>ကိ။ က အီ>ကီ။
က အု>ကု။ က အူ>ကူ။
က အေ>ကေ။ က အဲ>ကဲ။
က အော>ကော။ က အော်>ကော်။က အို>ကို။ အသံထွက်ရွတ်ကြည့်ရင် ဗျည်းနောက်က သရရှိတာပဲ သတိပြုမိမှာပါ။

အဲ
သင်္ကေတကတော့ နောက်ပစ်ပေါ့။ 'ဧဲ' လို့ လုံးချင်းသရရေးတာလဲ ရှိပါတယ်။ က်+အဲ>ကဲ၊ ခ်+အဲ>ခဲ၊ က အဲ>ကဲ၊ ခ အဲ> ခဲ လို့ အသံထွက်ရွတ်ကြည့်ပေါ့။


ဩ သရကို သင်္ကေတ အနေနဲ့ သဝေထိုးနဲ့ ရေးချ ပေါင်းပြရတယ်။ အော ပေါ့ဗျာ။ ဒီနေရာမှာ မျက်စိလည်စရာက ' ေ' က 'ဧ' ရဲ့ သင်္ကေတ၊ 'ာ' က အာ ရဲ့ သင်္ကေတ။ ဒါကြောင့် အော ဆိုတာ အေ နဲ့ အာ ပေါင်းထားတာဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ အေ အာ၊ အေ အာ လို့ရွတ်ကြည့်ပါ အော ဆိုတာနဲ့ နီးစပ်တဲ့အသံတောင် ထွက်မလာတာတွေမှာပါ။ ဆိုလိုတာက ရဲ့ သင်္ကေတကိုက ော ပါ။ အမြင်အတိုင်း ဆုံးဖြတ်လို့ မရပါဘူး။


ဪ ဆိုတာလဲ သဝေထိုး ရေးချ ရှေ့ထိုး ၃ ခုပေါင်းထားတာပါ။ ရဲ့ သင်္ကေတကိုက ော် ပဲဆိုတာ မှတ်ထားဖိုလိုပါတယ်။

အို
အိုကတော လုံးကြီးတင် တစ်ချောင်းငင်ပါ။ ို ထုံးစံအတိုင်း အိ နဲ့ အု ပေါင်းပြီး အို ထွက်လာတာမဟုတ်ပါဘူး။ လက်တွေရွတ်ကြည့်ပါ။ မြန်မာစာမှာ အမြင်အတိုင်း ဆုံးဖြတ်လို့မရဘူး ဆိုတာလေး သိစေချင်လို့ပါ။

မြန်မာသင်ပုန်းကြီး
...............................
မြန်မာသင်ပုန်းကြီးကတော့ မြန်မာလူမျိုးတိုင်း လေ့လာသင်ယူခဲ့ရတဲ့ ကျမ်းစာပါ။ မြန်မာသင်ပုန်းကြီးကို ၁၃ ရာစုအလယ်လောက်မှာ ဦးကျဉ်ပွေ့လို့ခေါ်တဲ့ ရှင်ဒိသာပါမောက္ခ ဆရာတော်က ကျစွာမင်းရဲ့ တောင်းပန်မှာကြောင့် ရေးသားခဲ့ပါတယ်။

သင်ပုန်းကြီးမှာ သင်ရိုးသရ ၁၂ လုံးနဲ့ သင်ရိုးဗျည်း ၃၃ သုံးလို့ပါပါတယ်။

အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊အဲ၊ဩ၊ဪ၊အံ၊အား ဆိုပြီး သင်ရိုးသရ ၁၂ လို့ပြပါတယ်။ ကျွန်တော်တို့ တော်တော်များများလဲ သရဟေ့ဆိုရင် ဒီ ၁၂ လုံးရွတ်မိတာများပါတယ်။

ပါဠိမှာ သေးသေးတင် ကို ဗျည်းလို့ အတိအလင်းပြဆိုပါတယ်။ သက္ကတမှာ သေးသေးတင် နဲ့ ဝသဇ္ဇနီ ကို ဗျည်းလို့ပဲ ပြပါတယ်။ သင်ပုန်းကြီးမှာ ဘာလို့ သရထဲပါနေတာလဲ???

သတိပြုစရာက သင်ရိုးသရ ဆိုတဲ့ စကားပါ။ သင်ပုန်းကြီးဆိုတာ လေးငါးနှစ်အရွယ်ကလေးတွေ သင်ယူဖို့ပြုစုထားတဲ့ကျမ်းပါ။ ဒီအရွယ်ကလေးတွေကို ဗျည်း၊ သရတွေ အကြောင်း အသေးစိပ်သွားသင်ရင် ရူးသွာနိုင်လောက်တယ်။ ဒါကြောင့်ပဲ စာလုံးပေါင်းရေးရင် အဆင်ပြေအောင် သင်ရလွယ်အောင်ပဲ လုပ်ခဲ့တဲ့သဘောပါ။ သဝေထိုး၊ ရေးချ စတဲ့ သင်္ကေတတွေကိုလဲ ရှင်းမပြဘဲ စာလုံးပေါင်းရေးဖတ်ပဲ သင်ခဲ့ ကြရပါတယ်။ နောင် အရွယ်ရောက်လာတာနဲ့ အမျှ ဗျည်း၊ သရတွေအကြောင်း အသေးစိတ် သင်ပေးမယ့် သဘောပါပဲ။ ရှေးမြန်မာတွေဟာ ပါဠိစာပေကိုလဲ သင်ယူခဲ့ကြတော့ ဒီအကြောင်းအရာတွေကို သိကြမှာ သေချာပါတယ်။

ဒီဘက်ခေတ်ရောက်လာတာနဲ့ သင်ကြားမှုပုံစံတွေ ပြောင်းလာပြီး မြန်မာသဒ္ဒါကို အသေးစိတ် သင်ကြားမှု နည်းလာပါတယ်။ အလွတ်ကျက်ကိုအားထားတဲ့စနစ်နဲ့ မြန်မာစာပေကို အထင်မြင်သေးလာတဲ့ မိဘတွေရဲ့ အတွေးအခေါ်တွေလဲ ပါပါလိမ့်မယ်။ ဒါကြောင့် မြန်မာစာပေရဲ့ အခြေခံအချက်အလက်တွေကို သတိထားမိသူ နည်းလာတာပါ။

ပြောချင်တာက အခုမှာရောက်တယ်။ 😁 မြန်မာစာကို ကွန်ပျူတာစနစ်မှာ အသုံးပြုနိုင်အောင် ကြိုးစားကြတော့ ယူနီကုဒ်စံဆိုတာ ပေါ်လာပါတယ်။ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျည်းနောက်မှာထား သိမ်းပါတယ်။ ဒါကို တစ်ချို့က မြန်မာရေးထုံးနဲ့မညီဘူး ပြောလာကြတယ်။ သဒ္ဒဗေဒစည်းမျည်း မြန်မာသဒ္ဒါစည်းမျည်းတွေအရ သရဟာ ဗျည်းနောက်မှာသာ နေရပါတယ်။ သဝေထိုးဟာလဲ သရဖြစ်လို့ ဗျည်းနောက်မှာ နေတာသာ အမှန်ဆုံးဖြစ်ပါတယ်။ သင်ပုန်းကြီးမှာ ဆိုရေးခဲ့တဲ့အတိုင်း သဝေထိုးရှေ့ကရိုက်ချင်ရင်လဲ ကီးဘုတ်တွေ ထွင်ထားကြပါတယ်။ အဓိကကတော့ သိမ်းတဲ့နေရာမှာ တူညီတဲ့စံနဲ့ သိမ်းဖို့ပါပဲ။

မြန်မာစာပေတိုးတက်ပါစေ။
Ye Zarni Aung

No comments:

Post a Comment

Computer

Fix NHM writer error in window10

windows 10 မှာ NHM writer သုံးရင် Shift Key မမိတာ မိတဲ့အချိန်မှမိတာ အရမ်းနှိပ်မှမိတာ အဲ့ပြသနာတွေ NHM 2.9 မှာအဆင်ပြေသွားပါပြီ NHM writer2.9 မှာ Myanmar Language တော့မပါဘူး Install လုပ်ရင် ရှိတဲ့ Language ရွေးပြီးမှ NHM setting မှာMM keymap ပြန်ထည့်ပေးရင် အဆင်ပြေပါပြီ။ MM language ကို NHM အဟောင်းရဲ့ data ထဲမှာယူလို့ရပါတယ်။ စမ်းကြည့်တော့ယူလို့မရတော့ပါဘူး အရင်သွင်းထားတဲ့သူမှယူလို့ရမှာပါ အခုမှသွင်းတဲ့သူဆိုရင်တော့ အောက်ဆုံးက map file လေးကို ဒေါင်းပြီးသွင်းပေးပါ

NHM writer 2.9

NHM writer 2.0

NHM writer 1.5.1.1

Myanmar Keymap file

credit ~ Ko Nyi Win Myat

1 comment:

Post a Comment

Keyboards

Windows10 မြန်မာကီးဘုတ် update

windows10 နောက်ဆုံး update ဖြစ်တဲ့ version 1803 မှာ မြန်မာကီးဘုတ် ၂ ခုပါလာပြီး တခုကတော့ အရင်အဟောင်းဖြစ်ပြီး တခုကတော့ အသစ်ဖြစ်ပါတယ် .... အသစ်မှာ သဝေထိုးကိုရှေ့ကရိုက်လို့ရပြီး smart keyboard ဖြစ်သွားပါပြီ ချို့ယွင့်ချက်အနည်းငယ်ရှိတယ်လို့တော့ စမ်းသုံးပြီးတဲ့သူတွေကပြောကြပါတယ် .... စမ်းသုံးချင်ရင်တော့ windows update လုပ်ရမှာပါ wifi ကနေတိုက်ရိုက် update လုပ်လို့ရသလို windows iso file download လုပ်ပြီး update လုပ်လို့ရပါတယ်

No comments:

Post a Comment

Androids

Google Lens အား Android အသုံးပြုသူများ စတင်အသုံးပြု့ခွင့်ရရှိ

google lens logo
Google Lens အား Android အသုံးပြုသူများ စတင်အသုံးပြု့ခွင့်ရရှိခဲ့ပါတယ် ....အစောပိုင်းမှာ Google lens ကို Google Pixel တွေမှာသာ အသုံးပြု့ခွင်ရရှိခဲ့တာဖြစ်ပါတယ် ..
ယခုအခါမှာတော့ အခြားသော Android အသုံးပြုသူတွေအတွက် Google photo app မှာ Google lens ကိုပေါင်းထည့်ပေးလိုက်ပြီး အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။ Google lens ဟာ ဓာတ်ပုံ၊ စာသားပါသော ဓာတ်ပုံ များကို digital data ပြောင်းပေးနိုင်တဲ့အလွန် အသုံးဝင်တဲ့ feature တစ်ခုဖြစ်ပါတယ် စာသားတွေကို digital data ပြောင်းတဲ့နေရာမှာတော့ ယူနီကုဒ်စနစ်ကိုအသုံးပြုထားတဲ့အတွက် ဇော်ဂျီသုံးနေတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး.......
iOS အတွက်ကတော့မကြာခင်ရမယ်လို့ပြောထားပါတယ် အခုလောလောဆယ်တော့ Android တွေမှာပဲသုံးလို့ရအုံးမှာဖြစ်ပါတယ်

Google Lens သုံးပြီးလုပ်လို့ရမယ်အရာတွေပါဗျာ
  • Business card: You can save the phone number or address to a contact.
  • (လိပ်စာကဒ်တွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး လိပ်စာတွေ ဖုန်းနဲ့ပတ်တွေကို contact ထဲသိမ်းနိုင်မှာပါ)
  • Book: You can get reviews and other details about it. 
  • (စာအုပ်ကို ဓာတ်ပုံရိုက်ပြီး google lens နဲ့ဖွင့်ကြည့်ရင် စာအုပ်အညွှန်းနဲ့ တခြားသက်ဆိုင်တာတွေရှာပေးမှာပါ မြန်မာစာအုပ်တွေတော့ ရမရမသေချာပါဘူး)
  • Landmark or building: You can get more details about it.
  • (အထိမ်းအမှတ်နေရာတွေဆိုရင် သူတို့နဲ့သက်ဆိုင်တဲ့ အရာ ဥပမာ wiki နဲ့ချိတ်ပေးတာမျိုးလုပ်ပေးမှာပါ)
  • Painting in a museum: You can get details about it.
  • ( သူလဲ အပေါ်ကဟာနဲ့အတူတူပဲ)
  • A plant or animal: You can learn more about it.
  • ( အပင်နဲ့ တိရိစ္ဆာန်တွေဆို သူတို့နဲ့ပတ်သတ်တဲ့ အချက်အလက် မျိုးစိတ် စတာတွေကိုပြပေး ရှာပေးမှာပါ)
  • A flyer or event billboard:  You can add that event to your calendar.
  • ( flyer & event တွေဆိုရင်တော့ event လိုဟာမျိုးပါရင် ပြက္ခဒိန်မှာပေါင်ထည့်ပေးသွားမှာပါ)
Google Lens ကိုသုံးချင်ရင်တော့ Google Photo app နောက်ဆုံးဗာရှင်းဖြစ်ရပါမယ် ဖုန်းဘာသာစကားကို အင်္ဂလိပ်စာပဲထားလို့ရပါမယ် တခြားဘာသာစကားထားရင် လောလောဆယ် အလုပ်ကောင်းကောင်းမလုပ်တာ (လုံးဝအလုပ်မလုပ်နိုင်တာ) ဖြစ်နိုင်ပါတယ်
iOS မှာလဲရရှိနေပါပြီ
















No comments:

Post a Comment