E-Books

မြန်မာယူနီကုဒ်

မြန်မာယူနီကုဒ် အကြောင်းရေးထားတဲ့စာအုပ်လေးပါ ဖတ်ချင်တဲ့သူဖတ်လို့ရအောင် တင်ပေးထားပါတယ်
အရင်ကတော့ ရောင်းတာပါ အခုကတော့ အခမဲ့ဖြန့်ပေးလို့တင်ပေးထားတာဖြစ်ပါတယ်
Download




No comments:

Post a Comment

Androids

အရင်ဇော်ဂျီနဲ့မှတ်ထားမိတဲ့ contact name တွေကို ယူနီကုဒ်ပြောင်းမယ်

Google contact  မှာမှတ်ထားတဲ့ contact တွေကို ကွန်ပျူတာဆီ export လုပ်ရပါမယ်
Computer က browser တခုခုမှာ contact တွေမှတ်ထားတဲ့ google account ကိုဝင်လိုက်ပါ
ပြီးရင် google contact ထဲကိုသွားပြီး contact တွေကို vcard format နဲ့ export လုပ်ပါ









Contact.vcf ဆိုတဲ့နာမည်နဲ့ ဖိုင်လ်တစ်ဖိုင်ရလာပါလိမ့်မယ် အဲ့ဒီဖိုင်လ်ကို notepad or notepad++ နဲ့ဖွင့်ပြီး အထဲမှာပါတဲ့ စာတွအကုန်ကူးပြီး converter တခုခုနဲ့ ယူနီကုဒ်ကို convert လုပ်ပါ ကျနော်ကတော့ pkConverter ကိုသုံးထားပါတယ် ( windows ပေါ်မှာသုံးလို့ရတဲ့ ဘယ် converter နဲ့မဆိုလုပ်လို့ရပါတယ်)



ယူနီကုဒ်ပြောင်းပြီးတဲ့စာတွေအကုန်ကိုပြန်ကူးပြီး notpad or notpad++ ထဲးကူးထည့်ပြီး save as နဲ့ နာမည်အသစ်ပေးပြီးသိမ်းပါ (တခုခုဖြစ်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့ရင် မူလဖိုင်လ်ရှိနေတဲ့ အတွက် ပြန်ပြီး import လုပ်လို့ရအောင်လို့ပါ)
*notpad ကိုသုံးခဲ့ရင် save တဲ့အချိန်မှာ save as နဲ့ save ပြီး encoding မှာ utf-8 ဖြစ်မဖြစ်သတိထားပါ utf-8 မဖြစ်ဖူးဆိုရင်လဲ utf-8 ကိုထားပေးပါ မဟုတ်ရင်စာတွေမှန်မှာမဟုတ်ပါဘူး*
ပြီးရင်တော့ ယူနီကုဒ်ပြောင်းထားတဲ့ဖိုင်လ်ကို Import လုပ်ပါမယ် (import မလုပ်ခင်မှာ google contact ထဲက contact တွေ အကုန်ဖျက်လိုက်တာက ပိုကောင်းပါတယ်)


. အောက်က ပုံမှာလို marge လုပ်မှာလားမေးလာရင်လုပ်ပေးလိုက်ပါ


မိတ်ဆွေရဲ့ contact တွေအကုန်လုံး ယူနီကုဒ်ဖြစ်သွားပါလိမ့်မယ်ဗျာ
*Android Phone ကနေ လုပ်မယ်ဆိုရင်တော့
Contact export/import ကနေ phone contact တွေကို export လုပ်ပါ save ရမယ့်နေရာမေးပါမယ် sd card or internal storage ထဲ့မှာသိမ်းလိုက်ပါ 00001.vcf ဆိုတဲ့ဖိုင်လ် နာမည်နဲ့သိမ်းပေးပါလိမ့်မယ် အဲ့ဒီဖိုင်လ် ကိုကွန်ပျူတာထဲကူးပြီးတော့ convert လုပ်တဲ့ အဆင့်ကလိုမျိုး convert လုပ်ပါ
Convert လုပ်ပြီးတဲ့ဖိုင်လ်ကို sd card or internal storage ထဲပြန်ထည့်ပြီး import လုပ်လိုက်ရင်ရပါပြီ


*iphone ကနေလုပ်မယ်ဆိုရင်လဲ vcard format ကို itool လိုမျိုး software သုံးပြီးထုတ်လို့ရပါတယ် 
icloud ထဲမှာသိမ်းထားတာတွေဆိုရင်တော့ browser တခုခုကနေ icloud account ဝင်ပြီး vcard export လုပ်ပြီး ယူနီကုဒ်ပြောင်းပါ ပြီးရင် အဲ့ဒီဆီကိုပဲ import ပြန်လုပ်ပေးလိုက်ပါ ဖုန်းမှာ update ဖြစ်သွားပါလိမ့်မယ်

အဆင်ပြေကြပါစေဗျာ


No comments:

Post a Comment