ဖြစ်သွားတာ ၁ လကြာနေပြီဆိုပေမယ့် အများစုက အခုထိရှင်းနေရတုန်း။ မြို့သစ်ဖက်က တစ်ချို့ဟာတွေတော့ ကိုယ့်ဖာသာကိုယ် ရှင်းလိုက်ကြတာတွေ့တယ်။ လျှပ်စစ်မီးလဲ တစ်ချို့နေရာတွေက လုံးဝပြန်မရသေးဘူး ပြန်ရတဲ့နေရာတွေတချို့က မီးလာချိန်များပေမယ် တစ်ချို့နေရာတွေမှာ တစ်ခါလာရင်သိပ်မကြာဘူး။ အရင်က 3.0 - 4.0 ကြားလောက်ဆိုရင် သတိတောင် မထားမိတတ်ကြပေမယ် အခုတော့ လှုပ်တာသိရင်ကို အသင့်အနေအထားဖြစ်နေကြတော့တာ။ ညဖက်တွေလှုပ်ရင်တောင် လန့်နိုးပြီးပြန်အိပ်ရခက်တယ်။ အပြင်ထွက်ရင်တောင် မြို့ထဲဖက်သွားဖို့ မတွေးမိတော့ဘူး မြင်ရကြားရတာတွေက အခုချိန်အထိအဆင်မပြေနေဘူး။ ကိုယ်လဲဘာမှ မလုပ်ပေးနိုင်တော့ပိုဆိုးတယ်။ တစ်ချို့ကတော့ အပျက်အစီးတွေကို စပ်စုပြီးလိုက်ကြည့်ကြ ဓာတ်ပုံရိုက်ကြနဲ့ ကိုယ်ကတော့ ရိုက်လဲမရိုက်နိုင်ဘူး ဒီအတိုင်းမြင်ရရင်တောင် စိတ်ထဲအဆင်မပြေတော့ ရိုက်ရမှာ အားနာလို့။